JavaScript is required

စောစောပိုင်း ကလေးဘဝအရွယ် ပညာရေးတွင် အလုပ်အကိုင် အခွင့်အလမ်းများ (Career Opportunities in Early Childhood Education) - မြန်မာ (Burmese)

စောစောပိုင်း ကလေးဘဝအရွယ် ပညာရေး ဆရာသစ်များနှင့် သင်ကြားရေးဆရာသစ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ

ဗစ်တိုးရီးယားအစိုးရသည် ပြည်နယ်အနှံ့ သူငယ်တန်းစီမံချက်များကို တိုးချဲ့ရန် ဒေါ်လာ ၁၄ ဘီလီယံ ဆုံးဖြတ်ပြီးဖြစ်ပါသည်။ လာမည့်ဆယ်နှစ်အတွင်း ဗစ်တိုးရီးယားပြည်နယ်သည် ထောင်နှင့်ချီသော စောစောပိုင်းကလေးဘဝအရွယ် ပညာရေး ဆရာသစ်များနှင့် သင်ကြားရေးဆရာသစ်များ လိုအပ်မည်ဖြစ်သည်။

စောစောပိုင်းကလေးဘဝအရွယ် ပညာရေးသည် ကလေးများနှင့် မိသားစုများ၏ ဘဝများကို ပြောင်းလဲပေးပါသည်။ ယဉ်ကျေးမှုမတူ ဘာသာစကား ကွဲပြားသော နောက်ခံများမှဖြစ်ကြသော စောစောပိုင်းကလေးဘဝအရွယ် ပညာရေး ဆရာများနှင့် သင်ကြားရေးဆရာများသည် ပို၍ပင် ထူးခြားပေးပါသည်။

စောစောပိုင်းကလေးဘဝအရွယ် ဝန်ဆောင်မှုဌာနများမှ ဘာသာစကားနှစ်မျိုးပြောသော ယဉ်ကျေးမှုနှစ်မျိုးနားလည်သောဝန်ထမ်းများသည် ယဉ်ကျေးမှုမတူ ဘာသာစကား ကွဲပြားသော နောက်ခံများမှဖြစ်ကြသည့် မိသားစုများအတွက် သူငယ်တန်း အစီအစဉ်များကို ပိုမိုရရှိနိုင်စေရန် ကူညီပေးကြပြီး၊ ပြည်နယ်၏ ယဉ်ကျေးမှုပေါင်းစုံအသိုင်းအဝိုင်းများကို ထင်ဟပ်စေပါသည်။

စောစောပိုင်းကလေးဘဝအရွယ် ပညာရေးတွင် အလုပ်လုပ်ကိုင်ခြင်းအားဖြင့် ကောင်းကျိုးများစွာ ဖြန့်ချီပေးရာရောက်ပါသည်။ ၎င်းအားဖြင့် အောက်ပါ အခွင့်အလမ်းများကို ဖြစ်စေသည်-

  • ကလေးများနှင့် ၎င်းတို့၏ မိသားစုများအတွက် ပြောင်းလဲပေးစေပြီး၊ ပိုမိုကောင်းမွန်သော ကောင်းကျိုးများကို ဖန်တီးပေးခြင်း
  • အရွယ်ငယ်စဉ်ကာလတွင် ကလေးများ ကြီးပြင်းမှုနှင့်ပညာသင်ကြားရေးတွင် အထောက်အကူပြုခြင်း
  • လုပ်ရကျိုးနပ်ပြီး တီထွင်ဖန်တီးမှုရခွင့်ရှိသည့် အလုပ်ခွင်တွင် လုပ်ကိုင်ခွင့်ရခြင်း

ငွေကြေးအထောက်အပံ့-

စောစောပိုင်းကလေးဘဝအရွယ် ပညာရေး ဆရာများနှင့် သင်ကြားရေးဆရာများ ဖြစ်လိုသူများအတွက် ပညာသင်ယူရေးဆိုင်ရာနည်းလမ်းအမျိုးမျိုးနှင့် ငွေကြေးအထောက်အပံ့အမျိုးမျိုး ရရှိနိုင်ပါသည်။

စောစောပိုင်းကလေးဘဝအရွယ် ပညာရေးတွင် အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်နှင့် ငွေကြေးအထောက်အပံ့ဆိုင်ရာ ပညာသင်ယူရေး အသေးစိတ်အချက်အလက်များကို Become an early childhood teacher or educator တွင် ဖတ်ရှုပါ။

အလုပ်အကိုင်-

စောစောပိုင်းကလေးဘဝအရွယ် ပညာရေးတွင် အလုပ်အကိုင်ခန့်ထားခြင်းကို ဝန်ဆောင်မှုဌာနတစ်ခုစီ၏မန်နေဂျာများနှင့် သူငယ်တန်းအစီအစဉ် ပို့ချသူများက စီမံခန့်ခွဲပါသည်။

မည်သည့်အလုပ်များ ကြော်ငြာထားသည်ကို ကြည့်ရှုရန်နှင့် ထိုအလုပ်ကဏ္ဍတွင် အလုပ်လုပ်နေသူများ၏ ဖြစ်ရပ်မှန်များကို ဖတ်ရှုရန် Early Childhood Jobs website တွင်ဖတ်ရှုပါ။

Updated