မိသားစု လမ်းညွှန်
သူငယ်တန်းသုံးပစ္စည်းအိတ် အကြောင်း
သင့်ကလေးအား ဆော့ကစားရန် တိုက်တွန်းပေးခြင်းသည် ၎င်းတို့၏ ပညာသင်ယူခြင်းနှင့် ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အလွန်ကောင်းသော နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် မိဘများ၊ အုပ်ထိန်းသူများနှင့် မိသားစုများသည် အရေးကြီးဆုံးနေရာမှ ပါဝင်ပါသည်။
သူငယ်တန်းသုံးပစ္စည်းအိတ်တွင် အိမ်၌ သင့်ကလေး မိသားစုနှင့်အတူ ဆော့ကစားနိုင်သော စာအုပ်များ၊ ပညာပေးအရုပ်များနှင့် ကစားစရာများ ပါရှိပါတယ်။
သူငယ်တန်းသုံးပစ္စည်းအိတ်တွင် သုံးနှစ်အရွယ်ကလေးများအတွက် အထူးပြုလုပ်ထားသော အရာပစ္စည်းများ ပါဝင်ပါတယ်။
ဗစ်တိုးရီးယား အစောပိုင်းကလေးအရွယ် ပညာရေး နှင့် ကြီးထွားဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံနည်းလမ်း
အစောပိုင်းကလေးအရွယ် သင်ကြားရေး ဆရာဆရာမများနှင့် သင်ကြားပို့ချသူများဟာ သင့်ကလေး ကြီးထွားဖွံ့ဖြိုးရန်နှင့် ပညာသင်ယူရန် ပံ့ပိုးကူညီပေးကြပါတယ်။
သူငယ်တန်း အစီအစဥ်များသည် ဗစ်တိုးရီးယား ကလေးအစောပိုင်းနှစ်အရွယ်များ ပညာသင်ယူခြင်းနှင့် ဖွံ့ဖြိုးမှု Victorian Early Years Learning and Development Framework (VEYLDF) ကို ကလေးများ၏ ပညာသင်ယူခြင်းနှင့် ဖွံ့ဖြိုးမှုကို လမ်းညွှန်ပေးရန်အတွက် အသုံးပြုပါသည်။
သင်၏ သူငယ်တန်းအိတ်ဆောင်ပါ ပစ္စည်းတိုင်းသည် VEYLDFပါ တစ်ခု သို့မဟုတ် ထို့ထက်ပိုသော အကျိုးများနှင့် ချိတ်ဆက်နေပါသည်။
- ပင်ကိုယ်ဝိသေသ
- ပညာသင်ယူခြင်း
- လူမှု့အသိုင်းအဝိုင်း
- ပြောဆိုဆက်သွယ်ခြင်း
- ကျန်းမာရွှင်လန်းခြင်း
ကျောပိုးအိတ်
သူငယ်တန်းအိတ်ဆောင်ကျောပိုးအိတ်များကို ပစ္စည်းသယ်ရန်အပြင် ကစားရန်အတွက် နေ့စဉ်အသုံးပြုနိုင်ပါသည်။
သင့်ကလေးသည် အိတ်နောက်ဘက်ရှိကတ်ထူပြားတွင် ပုံဆွဲနိုင်သောကြောင့် ၎င်းတို့၏အိတ်ဖြစ်ကြောင်း သိရှိနိုင်သည်။
စိတ်ကူးယဥ်ကစားနည်းများ ကစားရန်အတွက် ကျောပိုးအိတ်ဖွင့်၍ အကပ်ခံသည့် မျက်နှာပြင်ပြားကို အသုံးပြုရန်အတွက် ကပ်ခွာ Velcro များဖြင့် ကပ်ပေးလိုက်ပါ။
- ကျောပိုးအိတ်ကို ကလေးတင်ပါးပေါ် မြဲနေစေရန် ကျောပိုးအိတ်သိုင်းကြိုးကို အလျော့အတင်းလုပ်ပါ
- ကပ်ခွာများဖြင့် ပုံဇာတ်လမ်းဖန်တီးပါ
- နာမည်ကတ်ပြားပေါ် ပုံဆွဲရန် အားပေးပါ
- စာမရေးတတ်မီအဆင့်ရှိ စွမ်းရည်ကို လေ့ကျင့်ပါ
စာဖတ်ခြင်း
စာဖတ်ခြင်းဟာ မိသားစု အတူတကွနေထိုင်ရန် အလွန်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ စာတတ်မြောက်ခြင်းကိုအထောက်အကူပြုသည့် အရေးပါဆုံးနည်းလမ်းများတွင် တစ်ခု အပါအဝင်ဖြစ်ပါတယ်။
ပုံပြောချိန်ကို သင့်ကလေးနှင့်အတူ ပုံမှန်ပြောပြခြင်းသည် ကလေး၏ စိတ်ကူးစိတ်သန်းနှင့် ဝေါဟာရစကားလုံး တိုးမြှင့်စေရန် အထောက်အကူပြုပါသည်။
- စာအုပ်တစ်အုပ်ကို အတူတကွ ရွေးပါ
- ထိုင်၍စာဖတ်ရန်အတွက် သက်တောင့်သက်သာနေရာတစ်ခုကို ရှာပါ
- ပုံဇာတ်လမ်းတွင် နောက်ထပ် ဘာဖြစ်မည်ကို သင့်ကလေးအား မေးပါ
- ဇာတ်ကောင်များနှင့်လိုက်ဖက်မည့် အသံအမျိုးမျိုးဖြင့် ဖတ်ပြပါ
ပုံဆွဲခြင်းနှင့် အမှတ်အသားလုပ်ခြင်း
ပုံဆွဲခြင်း၊ အမှတ်အသားလုပ်ခြင်းတို့သည် ကလေးများအား မိမိတို့ကိုယ်တိုင် ထိုးထွင်ဉာဏ်ရှိစွာ ဖွင့်ဟပြောဆိုစေနိုင်ပြီး မိမိကိုယ်ကိုမိမိ ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးစေပါသည်။ စာရွက်ပေါ် ရောင်စုံခဲတံများဖြင့် ရေးဆွဲခြင်းအားဖြင့် ကလေးများဟာ-
- အနုစိတ် လက်ကြွက်သားလှုပ်ရှားမှု စွမ်းရည်များ ဖွံ့ဖြိုးလာစေနိုင်ပါတယ်၊ ထိုစွမ်းရည်များဟာ စာရေးသားခြင်းကို သင်ယူရာတွင် အရေးကြီးပါတယ်။
- လက်-မျက်လုံး ဟန်ချက်ညီညီ လှုပ်ရှားမှု ကောင်းစေပါတယ်
- အရောင်များ၊ ပုံသဏ္ဍာန်များ၊ အဆင်အပြင်များနှင့် မျဥ်းများအကြောင်း လေ့လာစေပါတယ်
- တီထွင်ဆန်းသစ်မှုကို ထုတ်ဖော်ပြောဆိုစေပါတယ်
- အခြားသူများနှင့် ပြောဆိုဆက်သွယ်စေပါတယ်။
- ပုံဆွဲခြင်း ကြိုက်နှစ်သက်လာစေရန် သင့်ကလေးကို အားပေးပါ။
- ကလေး၏ ပုံဆွဲအကြောင်း အသေးစိတ်ပြောဆိုရန် တုံးတိမဟုတ်သည့် မေးခွန်းများ မေးပါ။
- မြင်ရသော အရောင်များနှင့် ပုံစံများ၏ အမည်ကို ပြောပါ။
တီထွင်ဆန်းသစ်သော လုပ်စရာများ
တီထွင်ဆန်းသစ်ကစားခြင်းဟာ သင့်ကလေး၏အမြင်၊ အနံ့၊ အကြား၊ အထိအတွေ့နှင့် အရသာဟူသော အာရုံ ၅ ပါးလုံးကို လှုံ့ဆော်ပေးပါတယ်။ ဤနည်းသည် သင့်အနီးအနားရှိ ပတ်ဝန်းကျင်အကြောင်းကို စူးစမ်းတွေ့ရှိရန် ပျော်ရွှင်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
- နောက်တစ်ခါ ပြန်လုပ်လို့ ရပါတယ်ဟု သင့်ကလေးအား ပြောပြပြီး ခံနိုင်စွမ်းရည် အားပေးပါ။ ဘလောက်တုံးများ ပြုတ်ကျပါက အသက်ပြင်းပြင်းရှူပြီး နောက်တစ်ခါ အတူတူပြန်လုပ်ပါ။
- ကစားစရာဂျုံတုံးကို လုံးအောင်လှမ့်ပါ၊ ပုံသဏ္ဍာန်မျိုးစုံလုပ်ပါ၊ ပြားနေအောင်လုပ်ပါ၊ အသံထွက်အောင် ဖိချပါ။
- ဂီတသံစဉ် အတူတူလုပ်ပါ သံစဥ်မျိုးစုံနှင့် စည်းချက်မျိုးစုံကို လက်ခုတ်တီးခြင်း သို့မဟုတ် အိမ်ရှိပစ္စည်းများ တီးခေါက်ခြင်းဖြင့် ဖန်တီးပါ။
အိမ်ပြင်ပ၌ ဆော့ကစားခြင်း
လူကြီး၏ကြီးကြပ်မှုဖြင့် အိမ်ပြင်ပ၌ ဆော့ကစားခြင်းဟာ သင့်ကလေး ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့် ကျန်းမာပျော်ရွှင်မှု၏ ကြီးကြီးမားမား အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
ကလေးများဟာ-
- သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်းဖြင့် ကလေးများ၏ သိပ္ပံပညာနားလည်မှုကို မြှင့်တင်ပေးပါ
- အမှီအခိုကင်းမှုကို ရယူပါ
- အခြားကလေးများနှင့် လူမှုရေးရာအပြန်အလှန် ဆက်ဆံလာနိုင်ပါတယ်
- ကစားချိန်တွင် ကောင်းသောရွေးချယ်မှုများပြုလုပ်ရန် စူးစမ်း၍လေ့လာပါ
- တစ်ကိုယ်လုံး လှုပ်ရှားမှု၊ လက်-မျက်လုံး ဟန်ချက်ညီညီလှုပ်ရှားမှုနှင့်ကြွက်သားအနုစိတ်လှုပ်ရှားမှုအပြင် တီထွင်ဆန်းသစ်မှုဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးလာနိုင်ပါတယ်။
- အရွက်များအကြောင်း ပြောဆိုပြီး အရောင်မျိုးစုံ ပုံသဏ္ဍာန်မျိုးစုံတို့၏ အခေါ်အဝေါ်ကို ပြောဆိုကြပါ။
- အစေ့များ အတူတူ ပျိုးပါ။
- သဘာဝပတ်ဝန်းကျင်နှင့် ချိတ်ဆက်ပေးပါ။ မိမိတို့ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းအကြောင်း ပြောဆိုကြပါ။
- သဲရုပ်များ လုပ်ကစားပါ။
သရုပ်ဆောင်ကစားခြင်း
သရုပ်ဆောင်ကစားခြင်းဟာ ကလေးများအား စိတ်ကူးယဥ်ဇာတ်လမ်း သရုပ်ဖော်ရန်နှင့် ဇာတ်ကောင်နေရာများတွင် ပါဝင်သရုပ်ဆောင်ရန် အားပေးပါတယ်။
ကလေးများဟာ အောက်ပါတို့ အပါအဝင်ဖြစ်သော အရေးပါသည့် ဘာသာစကားနှင့် လူမှုရေးရာ စွမ်းရည်များကိုလေ့ကျင့်ရန်အတွက် သရုပ်ဆောင်ကစားခြင်းကို ကစားကြပါတယ်-
- ပတ်ဝန်းကျင်အသစ်များကို စူးစမ်းခြင်းနှင့် ဖန်တီးခြင်း
- အလှည့်ပေးခြင်းနှင့် အလှည့်ယူခြင်း
- တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံနည်းများနှင့် ညှိနှိုင်းဆောင်ရွက်နည်းများဖြစ်ကြပါတယ်။
- တိရစ္တာန်များအမည်ကို အင်္ဂလိပ်စာအပြင် အခြားဘာသာများဖြင့် ပြောပြပါ။
- ဇာတ်ကောင်များကို ဖန်တီးပါ။
- ဇာတ်လမ်းများကို ဖန်တီးပါ။
- ခံစားချက်နှင့် အမျိုးမျိုးသော စိတ်ခံစားမှုများကို စူးစမ်း ထုတ်ဖော်ပြောဆိုရန် တိရစ္ဆာန်များကို အသုံးပြုပါ။
ကစားပွဲများ
မိသားစုမိတ်ဆွေများနှင့်အတူ ကစားပွဲများ ကစားခြင်းဟာ သင့်ကလေး၏ လူမှုရေးစွမ်းရည်များတည်ဆောက်ရန်အတွက် အလွန်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ကစားပွဲများဟာ ကလေးများအဖို့ အတွက်အချက်၊ ဘာသာစကားနှင့် ပြဿနာဖြေရှင်းရေးစွမ်းရည်များကို သင်ယူရာတွင် အထောက်အကူပြုနိုင်ပါတယ်။
- ကစားပွဲစည်းမျဥ်းများကို လေ့လာပြီး အလှည့်ကျကစားခြင်းများကို လေ့ကျင့်ပါ။
- အခက်အခဲဖြေရှင်းစွမ်းရည်နှင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးပါ။
- နံပါတ်များကို ရှင်းပြပြီး အရာဝတ္တုများရေတွက်ခြင်းကို လေ့ကျင့်ပါ။
လူမှု့အသိုင်းအဝိုင်း တည်ဆောက်ခြင်း
ဆော့ကစားခြင်းဟာ ကလေးများအနေဖြင့် မိမိကိုယ်တိုင်နှင့် အနီးအနားရှိ ပတ်ဝန်းကျင်အကြောင်း ရှာဖွေတွေ့ရှိပြီး လေ့လာသောနည်း ဖြစ်ပါတယ်။ ကလေးများ အဖို့ ကစားခြင်းနှင့် သင်ယူခြင်းသည် ဒွန်တွဲလျက်ရှိသည်။ သူငယ်တန်းပစ္စည်းအိတ်ပါ အရာပစ္စည်းများဟာ မတူကွဲပြားခြားနားမှုနှင့် ဓလေ့မျိုးစုံအကြောင်း ပြောဆိုရန်အတွက် အထောက်အကူပြုပါတယ်။
- သင့်ကလေးအား အခြားနိုင်ငံများအကြောင်းနှင့် ထိုနိုင်ငံများ၏ ဒေသခံတိရစ္ဆာန်များအကြောင်း ပြောပြပါ။
- ဘာသာစကားမျိုးစုံ ဆင်းသက်လာသည့်နေရာများကို သိရှိရန် ကမ္ဘာ့မြေပုံကို ကြည့်ပါ။
ပင်ကိုယ်ဝိသေသကို လက်ခံခြင်း
အားလုံးသော ဓလေ့ထုံးတမ်းစဉ်လာများအကြောင်းလေ့လာရန် ကလေးများအား တိုက်တွန်းပေးခြင်းဟာ နားလည်မှု၊ လက်ခံမှုနှင့် ဂုဏ်ယူမှုကို မြှင့်တင်ပေးပါတယ်။ အဘိုရင်ဂျင်နယ်လူမျိုးနှင့် တောရက်စ်ရေလက်ကြားကျွန်းသား ထုံးတမ်းစဉ်လာများနှင့် ဗစ်တိုးရီးယားရှိ ကူးရီး ထုံးတမ်းစဉ်လာများဟာ ယနေ့တိုင် ကျင့်သုံးနေကြပြီး ရှင်သန်နေလျက် ရှိနေပါတယ်။ ထိုထုံးတမ်းစဉ်လာရှိသူများကို ဤပစ္စည်းအိတ်များတွင် စာရေးဆရာများနှင့် အနုပညာရှင်များအဖြစ် ချီးကျူးခြင်းဖြင့် ဂုဏ်ပြုထားပါတယ်။
Koorie ရိုးရာနှင့် ဓလေ့ထုံးတမ်းများအကြောင်း ပိုမိုလေ့လာရန် သင့်ကလေးအား အထောက်အကူပြုမည့် လုပ်စရာ အချို့ရှိပါသည်-
- ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များအတွက် ကူးရီးသင်္ကေတများကို လေ့လာပါ။
- ကူးရီး ထုံးတမ်းစဉ်လာများ၊ ခေါင်းဆောင်များနှင့် သူရဲကောင်းများအကြောင်း လေ့လာပြီး ပြောဆိုကြပါ။
- ဒေသအပေါ် အသိအမှတ်ပြုခြင်း၏ အရေးကြီးပုံကို လေ့လာပါ။
လက်ဟန်ပြ (Auslan) စာအုပ်များ
Auslan ဟာ ဗစ်တိုးရီးယား အစောပိုင်းကလေးအရွယ် ဘာသာစကား အစီအစဥ် (Victoria’s Early Childhood Language Program) ၌ အသုံးပြုသည့် လက်ဟန်ပြဘာသာစကား ဖြစ်ပါတယ်။ ဤအစီအစဉ်ကို သူငယ်တန်းကျောင်းအချို့တွင် ရရှိနိုင်ပါသည်။
ငယ်ရွယ်သောအခါ အခြားဘာသာစကား သင်ယူရသောကလေးများဟာ အောက်ပါတို့ အပါအဝင်ဖြစ်သော အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်-
- စာမဖတ်တတ် မရေးတတ်မီ စွမ်းရည်တိုးမြှင့်မှုများ
- ပုံသေမဟုတ်သော ပိုမိုကောင်းမွန်သည့် စဉ်းစားတွေးခေါ်မှု
- တိုးမြှင့်ထားသည့် မိမိကိုယ်မိမိယုံကြည်မှုနှင့် ကျန်းမာပျော်ရွှင်မှု
- ထုံးတမ်းစဉ်လာ ပင်ကိုယ်ဝိသေသ ခိုင်မြဲမှု။
၂၀၂၆ ခုနှစ် သူငယ်တန်းသုံးပစ္စည်းအိတ်ပါ စာအုပ်များစွာတွင် Auslan ဘာသာပြန်ဆိုချက်များ ပါရှိပါသည်။
- Auslan လက်ဟန်ပြ၍ စိတ်ခံစားမှုများကို ထုတ်ဖော်ပြောဆိုပါ
- Auslan ဖြင့် မင်္ဂလာပါဟု နှုတ်ဆက်ပါ
ကလေးလုံခြုံရေး၊ ကျန်းမာပျော်ရွှင်ရေးနှင့် အပိုပံ့ပိုးမှု
ကလေးများ၏ လုံခြုံရေးရေးနှင့် ကျန်းမာပျော်ရွှင်ရေးထက် မည်သို့သော ပိုမိုအရေးကြီးသောအရာမျှ မရှိပါ။ ကလေးများအား မည်သို့လုံခြုံအောင်ထားပုံကို သင့်ကျောင်းကို မေးပါ။
ကလေးအားလုံးသည် သီးခြားစွာ ပညာသင်ယူကြပြီး ကိုယ်ပိုင်အရှိန်နှုန်းဖြင့် သင်ယူကြပါသည်။ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ မူကြိုအရွယ် သင်ကြားသူဆရာနှင့် ဆွေးနွေးပါ။ အကယ်၍ သင် သို့မဟုတ် သင့်ကလေးအနေဖြင့် ပံ့ပိုးမှု ပိုမိုလိုအပ်ပါက၊ အောက်ပါတို့မှတဆင့် အကူအညီ ရရှိနိုင်ပါတယ်-
- သင့်မေးခွန်းကို ဆွေးနွေးရန်အတွက် သင့် ဆရာဝန် သို့မဟုတ် မိခင်နှင့်ကလေး ကျန်းမာရေး သူနာပြုနှင့်တွေ့ဆုံရန် ရက်ချိန်းယူပါ။
- မွေးစမှ ၆ နှစ်အရွယ်ကလေးများရှိသော ဗစ်တိုးရီးယားနေ မိသားစုများအတွက် တစ်ရက် ၂၄ နာရီ၊ ၇ ရက်လုံး ဆက်သွယ်နိုင်သော မိခင်နှင့်ကလေးကျန်းမာရေးဌာန 13 22 29 သို့ ဖုန်းခေါ်ပါ
အစောပိုင်း ကလေးအရွယ် ပညာရေးရှိ သက်မွေးအလုပ်အကိုင်များ
ဗစ်တိုးရီးယားရှိ ဖွံ့ဖြိုးနေဆဲ သူငယ်တန်းကျောင်းလုပ်ငန်းကဏ္ဍ၌ သက်မွေးအလုပ် စတင်လုပ်ရန် စဥ်းစားပါ။ အစောပိုင်း ကလေးအရွယ်သင်ကြားရေး ဆရာဆရာမ သို့မဟုတ် သင်ကြားပို့ချသူတစ်ဦး ဖြစ်လာရန်အတွက် သင့်အား ပံ့ပိုးပေးရန် အောက်ပါတို့ ပါဝင်ပါတယ်-
- နိုးကြားသော ပညာရေး နည်းလမ်းများ
- အလွန်ခွင့်ပြုပေးနေသည့် ပညာသင်ဆုများ
- ငွေကြေး အထောက်အပံ့များ။
သင်၏ သူငယ်တန်းသုံးပစ္စည်းအိတ် လှူဒါန်းခြင်း
သင့်ကလေး သူငယ်တန်းအိတ်ဆောင်ပါပစ္စည်းများ အသုံးပြုပြီးသည်နှင့် ထိုပစ္စည်းများကို သေချာစွာ စွန့်ပစ်ပါ။
အကယ်၍ ပစ္စည်းများ အကောင်းအတိုင်းရှိသေးပါက အလှူခံနေရာတစ်ခုသို့ လှူဒါန်းရန် စဉ်းစားပါ။ 'ဒီပစ္စည်းများကို မိတ်ဆွေတစ်ယောက်ထံ ပေးမလား' ဟု မိမိကိုယ်မိမိ မေးခွန်းထုတ်ပါ။ ပေးမည်ဟုအဖြေရပါက လှူဒါန်းရန် သင့်လျော်ပါသည်။
သင့်ပစ္စည်းများကို လှူဒါန်းရန် မသင့်လျော်ပါက ၎င်းတို့ကို ဖြစ်နိုင်လျှင် ပြန်လည်အသုံးချပစ္စည်းအဖြစ်ပြုလုပ်ရန် ပေးပို့ပါ။
အမှိုက်များကို နည်းလမ်းတကျ လျှော့ချခြင်းနှင့်စွန့်ပစ်ခြင်းသည် ပိုမိုသန့်ရှင်းစိမ်းလန်းစိုပြေသော ဗစ်တိုးရီးယားတည်ဆောက်ရာတွင် အထောက်အကူပြုပါသည်။
Updated
