JavaScript is required

လေးစားလက်ခံ၊ လုံခြုံ ၊ ပါဝင်လုပ်ဆောင်ခြင်း- ကျောင်းသား အပြုအမူထိန်းကျောင်းပေးရေးအတွက် အတူဝေမျှလုပ်ဆောင်မည့် မျှော်လင့်ထားချက်များ - မြန်မာ (Burmese)

ကျွန်ုပ်တို့သည် လူတိုင်း ပါဝင် လေ့လာ ရှင်သန်နိုင်သည့် လုံခြုံသော ကျောင်းများကို အတူတကွ တည်ထောင်ကြပါသည်။

ကျောင်းများ၊ မိသားစုများနှင့် ကျောင်းသားများ အတူတကွ လုပ်ဆောင်ကြသောအခါ အကောင်းဆုံး ရလဒ်အဖြေများကို ရရှိကြပါသည်။ ဤပူးပေါင်းလုပ်ဆောင်မှုများမှာ ကျောင်းသားအားလုံးအား ပါဝင် ၊ လေ့လာပြီး ရှင်သန်ရန် ပံ့ပိုးပေးသည့် ကျောင်းပတ်ဝန်းကျင်များကို ထူထောင်ပေးခြင်းအတွက် မရှိမဖြစ် လိုအပ်ပါသည်။ မိဘနှင့် စောင့်ရှောက်သူအဖြစ် သင်သည် သင့်ကလေးအဖို့ အတူမျှဝေလုပ်ဆောင်ရသည့် အပြုအမူဆိုင်ရာ မျှော်လင့်ရာများကို နားလည်ရန်နှင့် လိုက်နာရန်အတွက် သင့်ကလေးအား ကူညီပေးရာ၌ အခရာကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။

မျှော်လင့်ထားသည့် အပြုအမူများကို ကျောင်းသားများက မည်သို့ပြုမူကြပုံ

ကျောင်းတွင် လေးစားလက်ခံ၊ လုံခြုံပြီး ပါဝင်လုပ်ဆောင်စေရန် ကျောင်းသားအားလုံးအား မျှော်လင့်ထားပါသည်။ ဤအပြုအမူများသည် ကျောင်းအား လူတိုင်းအနေဖြင့် အောင်မြင်နိုင်သော နေရာတစ်ခုဖြစ်စေရန် ကူညီရာရောက်ပါသည်။

ကျောင်းသားများအနေဖြင့် ဤမျှော်လင့်ထားသည့်အပြုအမူများကို လေးစားလက်ခံလုံခြုံပြီး ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် လိုက်နာရပါသည်။

လေးစားလက်ခံခြင်း

  • ဝန်ထမ်း ညွှန်ကြားချက်များနှင့် ကျောင်းစည်းမျဉ်းများကို လိုက်နာခြင်း။
  • ကျောင်းအဆောက်အဦနှင့် အခြားသော ပိုင်ဆိုင်ပစ္စည်းများကို စောင့်ရှောက်ခြင်း။
  • လေးစားလက်ခံနိုင်သော ဘာသာစကားအပြောအဆိုကို သုံးစွဲခြင်း။

လုံခြုံမှု

  • မိမိကိုယ်တိုင်နှင့် အခြားသူများအား ထိခိုက်အနာတရဖြစ်ခြင်းမှ လုံခြုံအောင်ထားခြင်း။
  • အကယ်၍ ၎င်းတို့ သို့မဟုတ် အခြားတစ်စုံတစ်ယောက်သည် မမျှမတ ဆက်ဆံခံရပါက ဖော်ထုတ်ပြောဆိုခြင်း သို့မဟုတ် လူကြီးတစ်ဦးထံမှ အကူအညီ တောင်းခံခြင်း။
  • ကျောင်းသို့ အန္တရာယ်ကင်းပြီး လိုအပ်သည့် အရာပစ္စည်းများကိုသာ ယူဆောင်လာခြင်း။

ပါဝင်လုပ်ဆောင်ခြင်း

  • နေ့စဉ် ကျောင်းတက်ခြင်း၊ အချိန်မှန်ရောက်ရှိခြင်းနှင့် လေ့လာဆည်းပူးရန် အဆင်သင့်လုပ်ခြင်း။
  • ပါဝင်လုပ်ဆောင်ခြင်း၊ အကောင်းဆုံးလုပ်ဆောင်ခြင်း နှင့် လိုအပ်သည့်အခါ အကူညီ တောင်းခံခြင်း။
  • မိုဘိုင်းဖုန်း မူဝါဒ အပါအဝင် ကျောင်းမူဝါဒများကို သိရှိပြီး လိုက်နာခြင်း။

မိဘများနှင့် စောင့်ရှောက်သူများ မည်သို့ကူညီနိုင်ပုံ

ကောင်းမွန်သော အပြုအမူကို ပုံစံပြုပေးခြင်းနှင့် လုပ်ဆောင်ရန်တိုက်တွန်းခြင်းအားဖြင့် ကျောင်းတွင် သင့်ကလေး အောင်မြင်ရန်လိုအပ်သည့် စွမ်းရည်များနှင့် အလေ့အထများကို သင် ကူညီမြှင့်တင်ပေးရာရောက်ပါသည်။ မိသားစုများနှင့် ကျောင်းများ အတူတကွလုပ်ဆောင်ကြသည့်အခါ ကျောင်းသားများသည် အကောင်းဆုံး အောင်မြင်နိုင်ကြပါသည်။

မိဘများနှင့် စောင့်ရှောက်သူများသည် မိမိတို့ကလေး၏ အပြုအမူကို ကူညီပံ့ပိုးပေးနိုင်သည်မှာ-

လေးစားလက်ခံခြင်း

  • ကျောင်းမူဝါဒများကို သိရှိနားလည်စေရန်နှင့် အိမ်၌ ၎င်းတို့အား ပံ့ပိုးပေးခြင်း။
  • ကျောင်းဝန်ထမ်းများ၊ မိသားစုများ၊ နှင့် အခြားသူများအား လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊ အွန်လိုင်းဖြင့်ဖြစ်စေ သင် ပြောဆိုဆက်ဆံပုံအကြောင်းကို လေးစားလက်ခံနိုင်သော အမူအရာ ပုံစံပြုပေးခြင်း။
  • စိုးရိမ်ပူပန်မှုများကို စောစီးစွာ တင်ပြရန်နှင့် ဖြေရှင်းရန်အတွက် ကျောင်း လုပ်ငန်းဖြစ်စဉ်များကို အသုံးပြုခြင်း။

လုံခြုံမှု

  • အကယ်၍ သင့်ကလေးသည် အခက်အခဲကို နားလည်ရန်နှင့် ဖြေရှင်းရန်ကျောင်း၌ အဆင်မပြေမှုများရှိနေပါက ဝန်ထမ်းများနှင့်အတူ လုပ်ဆောင်ခြင်း။
  • ကျောင်း၌ ယုံကြည်ရသည့် လူကြီးတစ်ဦးထံမှ အကူအညီတောင်းခံခြင်းမှာ အဆင်ပြေသည်ဖြစ်ကြောင်း သင့်ကလေး သိရှိရန် သေချာအောင်လုပ်ခြင်း။
  • သင့်ကလေးအား စိုးရိမ်ပူပန်မှုများကို စောစီးစွာ ၎င်းတို့နှင့်ပြောဆိုခြင်းအားဖြင့် နှင့် ဖြေရှင်းပေးခြင်းအားဖြင့် အွန်လိုင်းတွင် လုံခြုံအောင် သေချာအောင်လုပ်ခြင်း။

ပါဝင်လုပ်ဆောင်ခြင်း

  • သင့်ကလေး နေ့တိုင်း ကျောင်းတက်ရန် ကူညီပေးခြင်း - နေ့တိုင်းသည် အခရာကျပါသည်။
  • သင့်ကလေး၏ ပညာသင်ယူခြင်းနှင့် ကျန်းမာပျော်ရွှင်ခြင်းကို ပံ့ပိုးပေးရန်အတွက် ကျောင်းဝန်ထမ်းများနှင့် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း။
  • သင့်ကလေးနှင့် ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် တိုးတက်မှုတို့ကို သတိပြုပေးခြင်းအားဖြင့် ၎င်းတို့၏နေ့စဉ်အကြောင်းနှင့် ၎င်းတို့မည်သို့ခံစားနေရကြောင်း အပြင် ၎င်းတို့၏ ပညာသင်ယူခြင်းကို အားပေးခြင်းအကြောင်း ပြောဆိုခြင်း။

အချို့ကျောင်းသားများနှင့် ၎င်းတို့၏မိသားစုများသည် ကျောင်းတက်ရခြင်းအတွက် အခက်အခဲကြုံတွေ့နေရသည် သို့မဟုတ် ကျောင်းအား ရှောင်ဖယ်ရန် ဦးတည်နေသည့် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ကို ကျွန်ုပ်တို့ သိပါသည်။ အကူအညီပေးနိုင်သည့် ရင်းမြစ်အချို့ ရှိပါသည်-

မျှော်လင့်ထားသည့် အပြုအမူကို လိုက်နာရန်အတွက် ကျောင်းသားများအား ကျောင်းမှ မည်သို့ပံ့ပိုးပုံ

ကောင်းသော အပြုအမူကို သင်ကြားပေးခြင်းနှင့် အားပေးထောက်ခံခြင်းဖြင့် ကျောင်းများသည် အပြုသဘောဆောင်၊ လုံခြုံပြီး မျှတသော ပညာသင်ယူရေးဆိုင်ရာ ပတ်ဝန်းကျင်များကို ပညာသင်ယူခြင်းနှင့် ကျန်းမာပျော်ရွှင်ရေးကို အလေးထား၍ သေချာစေပါသည်။

ကျောင်းများသည် မိသားစုများနှင့် ကျောင်းသားများကို လေးစားလက်ခံလုံခြုံပြီး ပါဝင်လုပ်ဆောင်စေခြင်းအားဖြင့် ပံ့ပိုးပေးပါသည်။

လေးစားလက်ခံခြင်း

  • ကျောင်းသားများအား ကျောင်းစည်းမျဉ်းများနှင့် ကောင်းမွန်သော မျှော်လင့်ထားသည့် အပြုအမူများကို သင်ကြားပေးခြင်းနှင့် သရုပ်ဖော်ပြသခြင်း။
  • မျှော်လင့်ထားသည့် လေးစားလက်ခံနိုင်သော အပြုအမူကို အတိအလင်း သင်ကြားပေးခြင်းနှင့် ပုံစံပြုပေးခြင်း။
  • အားလုံးသော ကျောင်းသားများ၊ မိဘများနှင့် စောင့်ရှောက်သူများနှင့် ပူးပေါင်း၍ အပြုသဘောဆောင်ကာ ပါဝင်လုပ်ဆောင်ခြင်း။

လုံခြုံမှု

  • နိုင်ထက်စီးနှင်းမှုကို တားဆီးရန်နှင့် တုံ့ပြန်ရန်အတွက် ရှင်းလင်းသော မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ထားရှိခြင်းနှင့် ကျောင်းသားများကို လုံခြုံအောင်ထားခြင်း။
  • ကျောင်းသားများအား ကြိုတင်ကာကွယ်သည့်အနေဖြင့် အပိုပံ့ပိုးမှုများကို ကမ်းလှမ်းပေးခြင်းနှင့် ကျောင်းသားများအနေဖြင့် ထုတ်ဖော်ပြောဆိုရန်နှင့် အကူညီတောင်းခံရန် ပံ့ပိုးပေးခြင်း။
  • ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ လုံခြုံသော ကျောင်းပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရန်အတွက် အခက်အခဲပြဿနာများကို ကြိုတင်၍ ဖော်ထုတ်ပေးခြင်းနှင့် ဖြေရှင်းပေးခြင်း။

ပါဝင်လုပ်ဆောင်ခြင်း

  • ကျောင်းသားအားလုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အထောက်အထားအခြေခံ၊ အားလုံးပါဝင်နိုင်သော ပညာရေးကို သင်ကြားပို့ချပေးခြင်း။
  • ကျောင်းသားများအား ၎င်းတို့၏ ပညာသင်ယူရေးနှင့် ကျောင်းလောကကို သက်ရောက်မှုရှိမည့် ဆုံးဖြတ်ချက်များတွင် ပြောရေးဆိုခွင့်ရှိရန် လုပ်ပိုင်ခွင့်ပေးခြင်း။
  • ကျောင်းသားအားလုံးအနေဖြင့် မြင်သာ၊ ကြားယောင်ပြီး တန်ဖိုးထားနိုင်သော ခံစားမှုရှိရန် သေချာအောင် ခိုင်မာ၍ ယုံကြည်မှုရှိသော ဆက်ဆံရေးများကို တည်ဆောက်ပေးခြင်း။

ကျောင်းများ၊ ကျောင်းသားများနှင့် မိသားစုများအကြား ကောင်းမွန်သော ကျောင်းသား အပြုအမူကို တည်ဆောက်ပေးရန်နှင့် ကောင်းမွန်သော ဆက်ဆံရေးများကို အားပေးတိုက်တွန်းပေးရန် ကျောင်းများအတွက် ရင်းမြစ်များနှင့် ပံ့ပိုးမှုကို ပညာရေး ဌာနက ပံ့ပိုးပေးပါသည်။

မိဘများနှင့်စောင့်ရှောက်သူများက အကူအညီရယူနိုင်သော နေရာများ

အကယ်၍ သင့်ကလေး၏ ကျန်းမာပျော်ရွှင်မှု၊ အပြုအမူ သို့မဟုတ် လုံခြုံရေးနှင့်ပတ်သက်၍ သင် စိုးရိမ်ပူပန်နေပါက သင် လုပ်နိုင်သည်မှာ-

  • ပထမအဆင့်အနေဖြင့် သင့်ကလေး၏ ဆရာ သို့မဟုတ် သတ်မှတ်ပေးထားသည့် ဆက်သွယ်ရမည့်သူကို စကားပြောဆိုပြီး ဆက်သွယ်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများဆိုင်ရာ ကျောင်းလုပ်ငန်းစဉ်ကို လိုက်နာဆောင်ရွက်ပါ။
  • ပံ့ပိုးမှု သို့မဟုတ် လွှဲပို့ပေးမှုအတွက် ကျောင်းအား မေးမြန်းပါ - ၎င်းတို့သည် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ ဝန်ထမ်း သို့မဟုတ် အထူးဝန်ဆောင်ဌာနများကို ချိတ်ဆက်ပေးနိုင်ပါသည်။
  • အကယ်၍ သင် နောက်ထပ် အကူအညီလိုအပ်ပါက ပညာရေးဌာန နယ်ရုံးကို ဆက်သွယ်ပါ။

အောက်ပါ ရင်းမြစ်များကိုလည်း ရရှိနိုင်ပါသည်-

Updated